မင်္ဂလာဒုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၃၉၉) ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မင်္ဂလာဒုံ ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်အတွက် မိုးစပါးလျာထား ဧကပြည့်မီ‌အောင် စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ ယနေ့အထိ မိုးစပါးလျာထား စိုက်ပျိုးဧကပေါင်း တစ်ထောင်သုံးရာကျော်ကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မင်္ဂလာဒုံမြို့နယ်မှာ မိုးစပါးလျာထားစိုက်ဧက ၁၃၉၉ ဧကရှိပြီးတော့ လက်ရှိတွင် လျာထားဧကကို ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပါပြီ။ ပေါ်ဆန်းရင် ၄၅၂ ဧက၊ ဆင်းသုခ  ၅၉၎ ဧက၊ အောင်နိုင်တိုး ၁၅ ဧက၊ ရက် (၉၀) ၂၂၃ ဧက နှင့် ထိုင်းနှံကောက် ၁၁၅ ဧက စုစုပေါင်း ၁၃၉၉  ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်၊။  လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ထိ မိုးစပါးစိုက်ပျိုးဧက ၁၃၉၉ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်းဖြစ်ပါတယ်။” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွေးအောင်က ပြောကြားသည်။

ယခင်နှစ် မိုးစပါးရာသီတွင် ဒေသခံတောင်သူများအနေဖြင့် မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧကအားဖြင့် ၁၃၉၉ ဧကစိုက်ပျိုးနိင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ ၇၈ ဒသမ ၃၁ တင်းထွက်ရှိကာ စပါးတင်းပေါင်း ၁၀၉၅၅၆ ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဒေသခံတောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ ရက်(၉၀)၊ ထိုင်းနှံကောက်တို့ကို အဓိကစိုက်ပျိုးခဲ့ပြီး လျာထားသတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် အဲဒီစပါးမျိုးများကို ဘောင်ပျိုးစနစ်ဖြင့် ၆၈ ဧက၊ ရိုးရိုးပျိုးထောင်စနစ်ဖြင့် ၆၈၅ ဧက၊ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် ၄၉၄ ဧက၊ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် ၁၅၂ ဧက စုစုပေါင်း ၁၃၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းသိန်းထွန်း