ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်ရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ် (၂၀)ရာခိုင်နှုန်းလျှော့ချ၍ ဝက်သား (၂၀) ပိဿာ၊ အမဲသား (၂၅) ပိဿာ၊ ဆိတ်သား (၁၅) ပိဿာ၊ စားအုန်းဆီ (၁၁၀) ပိဿာအပြင် ဟင်းသီး/ဟင်းရွက်များပါ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်