မက်မန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓာတ်အားတိုးဆေး၊ ဗီတာမင်ဘီဝမ်းဆေးပြားတိုက်ကျွေးခြင်းနှင့် ၅ နှစ်အောက်ကလေးငယ်များအား VITAMAN A အားဆေးတိုက်ကျွေး

မက်မန်း ဩဂုတ် ၁၇

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓာတ်အားတိုးဆေး၊ ဗီတာမင်ဘီဝမ်းဆေးပြားတိုက်ကျွေးခြင်းနှင့် ၅ နှစ်အောက်ကလေးငယ်များအား VITAMAN A အားဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က မက်မန်းမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓာတ်အားတိုးဆေးနှင့် ဗီတာမင် ဘီဝမ်းဆေးပြားတိုက်ကျွေးခြင်း၊ ၅ နှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ VITAMAN A အားဆေးတိုက်ကျွေးခြင်း၊ MUAC တိုင်းတာခြင်းနှင့် အဏုအဟာရဆေးမှုန့်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မက်မန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ဆားပါဝင်မှု စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)