ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ထန်းတပင် (ရန်ကုန်) သြဂုတ် ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး သြဂုတ်လ (၁၆) ရက်နေ့က ရခိုင်ရိုးကြီးကျေးရွာအုပ်စုနှင့် ငှက်သိုက်ကျေးရွာအုပ်စုသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးလေးကျေးရွာနှင့် ငှက်သိုက်ကျေးရွာအုပ်စု၊ အပြင်သဲဖြူကျေးရွာအတွင်း ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)