တာချီလိတ် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၁) ဦးအား One stop Service ဖြင့် UID ကတ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းသဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ Biometric Data ကောက်ယူပြီး UID ကတ်ပြုလုပ်ပေးခြင်းကို ဇူလိုင် ၂၁ ရက်မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၁) ဦးအား One stop Service ဖြင့် UID ကတ်ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)