မြောက်ဥက္ကလာပ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်တွင်း ပြည်ပ (ပ) သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈) မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကန်သာယာခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ဓမ္မသဘင်သို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ တာ၀န်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြုတရားများ နာယူကြပြီး ဆရာတော်အရှင်သူမြတ်အား တာ၀န်ရှိသူများက နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ယင်းနောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ရေစက်ချတရား နားယူကြပြီး လှူဒါန်းမှုကုသိုလ်အစုစုတို့အား ရေစက်သွန်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုအဓိဋ္ဌာန်ပြုဆုတောင်း၍ ဓမ္မသဘင်အခမ်းအနား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)