စမ်းချောင်း ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက အငြိမ်းစားနိုင်ငံ့၀န်ထမ်းများ ပင်စင်ထုတ်ယူရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ သက်ကြီးဘိုးဘွားများနှင့် သွားလာရခက်ခဲသူတွေအတွက် UID ကောက်ယူခြင်းကို အိမ်တိုင်ရာရောက် သွားရောက် ဆောင်ရွက်ခဲ့ကြပြီး အဖိုး၊ အဖွား (၁၄) ဦး ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)