မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြောက်ဥက္ကလာပ ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။

ထို့သို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး ၃၆၅ ကျပ်နှုန်းဖြင့် ကြက်ဉအလုံးရေ ၂၁၀၀၀လုံးအား မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊ မေဓာဝီလမ်း၊ (ည)ရပ်ကွက်၊ ခေမာကျောင်းလမ်း၊ (ရွှေပေါက်ကံ/၁၄) ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ (က)ရပ်ကွက်၊ နွယ်သာကီလမ်း ရပ်ကွက်များအလိုက် စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေရောင်းချပေးရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)