အင်းစိန် ဩဂုတ် ၁၇
AYA BANK WOMEN’S FUTSAL LEAGUE 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ AYA BANK မှ CEO Daw Jasmine Thazin Aung ၊ တာဝန်ရှိသူများနှင့် ပရိတ်သတ်များက ဗိုလ်လုပွဲအဖြစ် YRG FC အသင်း နှင့် YGN CITY အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် တေးသံရှင်များက သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ AYA BANK WOMEN’S FUTSAL LEAGUE 2025 ပွဲစဉ်တွင် တာဝန်ယူခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကို အမှတ်တရဆုများအား လည်းကောင်း၊ AYA BANK WOMEN’S FUTSAL LEAGUE 2025 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် MINGALARDON FC အသင်းကို ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် YRG FC အသင်းမှ ကျောနံပါတ် (၁၂) မသရဖီအောင်ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ အကောင်းဆုံး ကစားသမားဆုရရှိသည့် YRG FC အသင်းမှ ကျောနံပါတ်(၁၁) မမေဇင်ဦးကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ စတုတ္ထဆုရရှိသည့် ISPE FC အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တတိယဆုရရှိသည့် THUNDER TIGRESSES FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် DIVINE FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ယင်းနောက် AYA BANK WOMEN’S FUTSAL LEAGUE 2025 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် YRG FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအား အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်းကောင်း၊ ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)