မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်

မြစ်သား သြဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကူမဲမြို့ ဇာတ်ရုံအတွင်း၌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဘေးသင့် အကျိုးခံစားခွင့်ရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဌာနမှ လက်ထောက်ငွေသားနှင့် ပြေစာထောက်ပံ့ရေးအရာရှိ ဦးချမ်းမြေ့ထွန်းနှင့် တပ်ဖွဲ့ဝင် (၁၀)ဦးတို့က ကူမဲမြို့ရှိ ရပ်ကွက်၊ ကျေးရွာ(၁၄)အုပ်စုအတွင်း ငလျင်ဘေးသင့် ဒေသခံသူပြည်များအတွက် အိမ်ထောင်စု  (၄၄၀)စုရှိပြီး အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀ဝိ/-)ကျပ်နှုန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ပေးအပ်ရာနေရာသို့ ကူမဲ​မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် ကြက်ခြေနီအသင်းခွဲမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အနီးကပ်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)