သန်လျင် သြဂုတ် ၁၆
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်စံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့်ပတ်သက်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး၊ ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးတို့နှင့်ပတ်သတ်၍ ကျန်းမာရေးအသိပညာပေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများ၏ ကာကွယ်ဆေးထိုးနှံခဲ့မှုများအား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)