တံတားမြို့အတွင်းရှိ အ.လ.က(စင်မကော်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ‌ဆောင်ရွက်

တံတား ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁ဝ)နာရီက တံတားမြို့အတွင်းရှိ အ.လ.က(စင်မကော်)ကျောင်း၌  ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စင်မကော်‌ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီနာယက ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်ကစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အ.လ.က(စင်မကော်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် Grade 8 မှ မနန္ဒာလင်းကလည်းကောင်း၊ “လူငယ်နှင့်ယဉ်‌‌ကျေးမှု” ခေါင်းစဉ်ဖြင့် Grade 8 မှ မောင်ဇင်ဘုန်းခန့်ကလည်းကောင်း၊ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် Grade 8 မှ မောင်ရဲလင်းအောင်ကလည်းကောင်း၊ “လူငယ်နှင့်ကျန်းမာ‌ရေး” ခေါင်းစဉ်ဖြင့် Grade 7 မှ မဇွန်ယွန်းသက်ကလည်းကောင်း၊ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် Grade 7 မှ မယွန်းကဗျာတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ‌သော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား‌သော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)