သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်၌ အိမ်ထောင်စုလူဦးစာရင်း ကွင်းဆင်းဆောင်ရွက်

သန်လျင်  ဩဂုတ် ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းအစရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်များကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ရပ်ကွက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်စုမှူးများ၊ ရာအိမ်မှူးများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)