မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများအား ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ  ဩဂုတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက မေဓာဝီဈေးအနီးရှိ  ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဥ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့်တာ၀န်ရှိသူများက မေဓာဝီဈေးအနီးရှိ  ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်း၊တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်းဆေးများထုတ်လုပ်ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)