တာချီလိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူတို့က တာချီလိတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပေးအပ်မည့် ထောက်ပံ့ငွေကို သက်ဆိုင်ရာဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်း ပေးအပ်သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် တာချီလိတ်မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း ၂၀၂ ဦးအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ပေးအပ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)