၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟန်း သြဂုတ် ၁၆

၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)