မရမ်းကုန်းမြို့နယ်တွင် ပြည်သူ့နီတိ အသိ လူတိုင်းမှာရှိစေချင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မရမ်းကုန်း  သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ ညွန့်ညွန့်(ကလော) ရေးသားထားသည့် ထီးကလေးနှင့် အခြားဆောင်းပါး၊ ဝတ္ထုတိုများ စာအုပ်တွင် ပါဝင်သော “ပြည်သူ့နီတိအသိ လူတိုင်းမှာရှိစေချင်” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားကိုလည်းကောင်း၊ စာရေးဆရာ ကျော်ဇင်ဝင်း(မရမ်းကုန်း)က မုဒိတာစကားကိုလည်း‌​ကောင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက စာရေးဆရာမ ညွန့်ညွန့်(ကလော) ရေးသားထားသည့် ထီးကလေးနှင့် အခြားဆောင်းပါး၊ ဝတ္ထုတိုများ စာအုပ်တွင်ပါဝင်သော “ပြည်သူ့နီတိအသိ လူတိုင်းမှာရှိစေချင်” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အကျယ်တဝင့်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောင်အေးချမ်း(ပြန်/ဆက်)