မိုင်းခတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၃)အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှီးမွန်၊ အတွင်းရေးမှူး ဦးမျိုးဝင်းအောင်နှင့် ကော်မရှင်အဖွဲ့ဝင်များက မိုင်းခတ်မြို့နယ် မိုင်းညှင်းကျေးရွာအုပ်စု၊ ဝမ်အွန်ကျေးရွာအုပ်စုနှင့် ဟုတ်ပုံကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်မဲပေးနိုင်ရေး လက်တွေ့ပြသရာ ကျေးရွာနေပြည်သူများက စမ်းသပ်မဲပေးခြင်းများ ကိုယ်တိုင်လက်တွေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)