စမ်းချောင်း ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသစ်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade -11မှ မောင်ဇွဲမြတ်သူက လူငယ်နှင့်အားကစား၊ Grade -11 မှ မောင်ထက် ဝေယံလင်းက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade -11 မှ မခြူးလဲ့ဇင်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade -10 မှ မောင်ကောင်းမြတ်သူက လူငယ်နှင့်နည်းပညာ၊ Grade -10မှ မချမ်းမြေ့နှင်းက လူငယ်နှင့်ကျန်းမာရေး၊ Grade -10 မှ မမေဦးက လူငယ်နှင့် စာပေခေါင်းစဉ်တို့ဖြင့်နွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာ၀န်ရှိ သူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ (၂၅၀)ဦးတက်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ် စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)