ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကမာရွတ်မြို့နယ် မြတ်လေးရုံကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော်ထံမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း နာယကကြီးများနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၊ အလှူရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလနှင့် ပရိတ်တရားဒေသနာတော်များကို နာယူကြသည်။

ဆက်လက်၍  မြတ်လေးရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်နှင့် ပင့်သံဃာတော်များအား အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ၊ ဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်းတော်မြတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြတ်လေးရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ထံမှ ကျောင်းအုပ်ဆရာကြီးနှင့်  ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်း နာယကများနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်းအလှူတော် အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။

ထို့နောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲလာ ဧည့်ပရိသတ်များအား ထမင်း၊ ဟင်း၊ အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)