ရန်ကုန် သြဂုတ် ၁၆
သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)ရှေ့၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ တင်တင်ကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက်အခမ်းအနားကို ပါမောက္ခချုပ် ပါမောက္ခဒေါက်တာတင်တင်ကျော်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခေဒါက်တာဝေဝေဦးနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်စန္ဒာလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အတန်းအလိုက် ပန်းပွားအကဖြင့် ဖျော်ဖြေပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်