အမရပူရ သြဂုတ် ၁၅
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် နှစ်စဉ် စက်တင်ဘာ ၂၇ရက်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိရာ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် အဆောင်-၂၂ ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး (အင်္ဂလိပ်ဘာသာ)ပြိုင်ပွဲကို ဩဂုတ် ၁၅ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။ အဆိုပါပြိုင်ပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “Tourism and Sustainable Transformation” ခေါင်းစဉ်ဖြင့် ကျင်းပရာ ဘာသာရပ်များမှ ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)