လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးမြသောင်းက မိတ်ဆက်အမှာစကားပြောကြားသည်။ ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆ န္ဒရှင်စာရင်းများနှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့်ရပ်ကွက်၊ ကျေးရွာအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးကိစ္စရပ်များနှင့် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စုတို့ရှိ လူဦးရေစာရင်းများနှင့် မဲရုံအခြေအနေများကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်း ရေးမှူးဦးရဲကျော်သူက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ပြီးရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)