မိုင်းခုတ်မြို့ အ.မ.က(ဝမ်ကတ်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မိုင်းခုတ် သြဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်​ရေးရာ အသိပညာ​ပေး ဟောပြောပွဲကို ​ယနေ့နံနက် ၉ နာရီက မိုင်းခုတ်မြို့ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်လူငယ်များကို ငယ်စဥ်အခါမှစ၍ စနစ်တကျပြုစုပျိုးထောင်ပေးသင့်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရှိရမည်ဖြစ်ကြောင်း၊လူငယ်များအ​နေ​ဖြင့် ဗလငါးတန်နှင့် ပြည့်စုံရမည်အကြောင်းအရာများကိုဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)