ကျောက်တန်း သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့နံနက်(၁ဝ)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက အဖွင့်အမှာစကားပြောကြားပြီး လူ ငယ်စကားဝိုင်းနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ကျောင်းအုပ်ဆရာကြီးဦးသောင်းညွှန့်မှ ယခုလိုကျောင်းများမှာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားများပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်၊၊
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်သောလူရည်ချွန်များဖြစ်လာစေရန်၊ အသိပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူအများရှေ့တွင် လိမ္မာကျွမ်းကျင်စွာစကားပြောတတ်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အလက (မြို့မ)မှ ကျောင်းသား/ကျောင်းသူလေးများဖြစ်ကြသည့် မောင်ဇွဲဝေယံဆက်ကလူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းဇင်ထက်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဆုအိရွှန်းလဲ့ကလူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမိုးပွင့်ဖြူကလူငယ်နှင့်ကျန်းမာရေခေါင်းစဥ်ဖြင့်လည်း ကောင်း၊ မဇေ၀တီကျော်ကလူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ စသည်ဖြင့်မိမိတို့နှစ်သက်ရာခေါင်းစဥ်အလိုက်ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည်များကိုမေးမြန်းကြရာ ခေါင်းစဥ်အလိုက်ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ စိတ်ပျော်ရွှင်စေရန်နှင့်အချင်းချင်းစည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဂိမ်းကစားနည်းပြိုင်ပွဲများကို ပြုလုပ် ပေးခဲ့ပြီး၊ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်တာဝန်ရှိသူများက အမှတ်တရဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကျောင်းခန်းမတွင် ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် မူး ယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့်အသိပညာပေးနံရံကပ်စာစောင်များကို အခမ်းအနားတက်ရောက်လာသည့် မြို့ နယ်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေလင်းကျော်(ပြန်/ဆက်)