တောင်ကြီး သြဂုတ် ၁၅
ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ် ဝါတွင်းကာလ ဆဌမအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို သြဂုတ် ၁၅ ရက်၊ နံနက် ၅ နာရီအချိန်တွင်တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
စုပေါင်းအရုဏ်ဆွမ်းလောင်းလှူပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွ ာစုပေါင်းလောင်းလှူကုသိုလ်ယူခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးတို့က ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ ဆွမ်းလောင်လှူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့လုံးကျွတ် အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၀၆)ကျောင်းမှ သံဃာတော်အပါး (၁၀၈၀)တို့အား စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြခြင်းဖြစ်ပြီး၊ အရုဏ်ဆွမ်း လောင်းလှူပွဲများကိုဝါတွင်းကာလအတွင်း အပတ်စဉ် အဖိတ်နေ့များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)