မိုးနဲ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲများ၊ စာငှားစာဖတ်သူတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းများအပြင် အွန်လိုင်းအသိပညာပေးခြင်းများကိုပါ အများပြည်သူများသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများအပြင် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းများသာမက ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း အများပြည်သူများ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ ပြသပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို