ကျောက်ဆည် ဩဂုတ် ၁၅
နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် အခွန်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခွန်ပညာပေးဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရအခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ် နိုပ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်