ကရသူရိ သြဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူငယ်/ လူရွယ်များသည် ထူးချွန်/ထက်မြက်၍ ဗဟုသုတများပြည့်စုံရန်လိုအပ်ပါကြောင်း၊ ထိုသို့ အသိပညာ ဗဟုသုတများပြည့်စုံရေး စာအုပ်/စာပေများကို အစဉ်အမြဲဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝတိုးတက်ရေးသည် ကျောင်းစာများသာမက ပြင်ပအသိပညာ/အတတ်ပညာများကိုလည်း တတ်မြောက်ထားရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်းကူးခံရခြင်းအကြောင်းတို့ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ပူးပေါင်းကာကွယ်ရေးတို့ကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများရရှိရေး စာအုပ်/စာပေများကို လေ့လာဖတ်ရှုကြရန်တို့ကို ဟောပြောသည်။
ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရခြင်းအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြဌာန်းထားသည့်ဥပဒေများ၊ လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)