မိုးနဲ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်းသို့ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက စာသင်ကိုယ်တော်များနှင့် ကျောင်းသား/သူများအတွက် ဆေးစိမ်ခြင်ထောင်အလုံး ၂၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ခံဆရာတော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
အလားတူ သာသနာ့ပါလဘုန်းတော်ကြီးကျောင်းသို့လည်း ဆေးစိမ်ခြင်ထောင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)