ပင်လောင်းမြို့နယ်၌ တိုးတက်ခိုင်မာအားသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လောင်း ဩဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး တိုးတက်ခိုင်မာသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို အခြေခံမူလတန်း‌ကျောင်း နမ့်ပါကျောင်းတွင် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်များတိုးတက်မှုဆိုင်ရာအကြောင်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေးက လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းများ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သဉ္ဇာနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးဖြစ်ပေါ်ပါက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးဦးက လူငယ်နှင့်စာဖတ်ခြင်းကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ပြီး အခြေခံပညာမူလတန်း‌ကျောင်း နမ့်ပါကျောင်းအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုံပြင်စာအုပ်များနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကလျာနီက လက်ခံရယူခဲ့‌ကြောင်း၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)