မိုးနဲမြို့နယ်၌ တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး

မိုးနဲ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် သဘာဝဘေးကြောင့် ရေကြီးနစ်မြှုပ်ခဲ့သော လယ်မြေများအနက် ကျန်ရှိသော လယ်ဧက ၆၂၉ ဧကအတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်သာသောဈေးနှုန်းများဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်/ယာမြေများအတွက် သက်သာ‌‌သောဈေးနှုန်းများဖြင့် ထောက်ပံ့ဖြန်ဖြူး‌ရခြင်းနှစ့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမူး ဦးဇော်မော်ဦးက ဓာတ်မြေဩဇာများစနစ်တကျကိုင်တွယ်အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်/ယာတစ်ဧကကို ကီလို ၅၀ ပါ ဓာတ်မြေဩဇာတစ်အိတ်နှုန်းဖြင့် လယ်/ယာမြေ ၆၂၉ ဧကအတွက် တောင်သူ ၁၄၀ ဦးအား သက်သာသောဈေးနှုန်းများဖြင့် ဖြန်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)