မိုင်းတုံ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း(ဟောင်း)သည် ချောင်းရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နုန်းမြေများ ပို့ချခြင်းနှင့် အမှိုက်များစွန့်ပစ်ခြင်းကြောင့် တိမ်ကောလာလျက်ရှိရာ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်လမ်းတံတားနှင့် ဆည်မြောင်းအဖွဲ့က ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ဩဂုတ်လ ၁၃ ရက်နေ့က စတင်တူးဖော်လျက်ရှိသည်။
“နမ့်တုံချောင်း(အဟောင်း)ဟာ မြေထိန်းနံရံမရှိတဲ့အတွက် တဖြည်းဖြည်းတိမ်ကောလာပါတယ်။ တံတားနဲ့ချောင်းဟာ ထိလုနီးပါးဖြစ်နေပြီရေစီးရေလာ အခက်အခဲရှိပါတယ်။ ရန်ပုံငွေလျာထားမှုအပေါ်မူတည်ပြီး တူးဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်တဲ့အခါမှာ ပင်မရေချောင်းဖြစ်နေတဲ့ ဒီချောင်းကြီးက ရေစီးရေလာ အဆင်ပြေမှသာ ဖာချယ်ရပ်ကွက်နှင့် ဟောင်လီရပ်ကွက်အတွင်း ရေရရှိနိုင်မှာဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။
မျိုးကျော်စိုး(ပြန်/ဆက်)