မြိတ် ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲ အကြိုကာလ ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်၁၄ရက် နံနက်ပိုင်းက မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက အမှာစကား ပြောကြားသည်။ ထိုနောက် မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှိုင်ဘွားက ရွေးကောက်ပွဲဆိုင်ရာများ ရှင်းလင်းဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတို့က ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခွဲဝေ သတ်မှတ်ရေးနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ဆွေးနွေးပြောကြားရာ တက်ရောက် လာကြသည့် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )