ကျိုင်းလပ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဩဂုတ်လ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ရက်ကွက်(၃)ရှိ မြို့ဦးရှေးဟောင်းဘုရားကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ဦးစွာ အခမ်းအနားတွင် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်မှူး ဦးကျော်သူရက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ်မဲ(MEVM)ပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျိုင်းလပ်မြို့ အုပ်ချုပ်‌‌ရေးမှူး ဦးအောင်မျိုးထွေး၊ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်းအင်အား (၇၀) ဦးခန့် တတ်ရောက်ခဲ့ကြသည်။ ၎င်းသင်တန်း၌ သင်တန်းသား/သူများအား မဲပေးစက်(MEVM) (၁၄) လုံးဖြင့် ဩဂုတ်လ ၁၃ ရက်မှ ဩဂုတ်လ ၁၄ ရက်ထိ၊ နံနက် (၀၈:၃၀) အချိန်မှ (၁၆:၀၀) နာရီအချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျိုင်းလပ်မြို့ပေါ် (၃) ရပ်ကွက်ရှိ ပြည်သူများအား မဲပေးစက်ဖြင့် လက်‌တွေ့သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)