တာချီလိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးရာပါ ပိုလီယိုဝေဒနာရှင်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လစဉ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲဥက္ကဋ္ဌ ဒေါ်လှလှဌေးဦးဆောင်သည့် အဖွဲ့ဝင်များက ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ကိုယ်ဝန်ဆောင်များမိခင်များအတွက် အာဟာရဓာတ်ဆာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရှိ သားဖွားခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးရာပါ ပိုလီယိုဝေဒနာရှင်နှစ်ဦး၏ နေအိမ်သို့သွားရောက်၍ လစဉ်ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)