တပ်ကုန်း ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အစားသုံးအုပ်စုပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေးက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အစာသုံးအုပ်စုပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မျိုးသိင်္ဂီ၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်ဇင်ထွန်း၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဆရာဦးတင်အေးတို့က သွားကျန်းမာရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်းများ ရှင်းလင်းဟောပြောခဲ့ပြီးနောက် အစာသုံးအုပ်စုပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်