မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

မြောက်ဥက္ကလာပ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၂ ရက် နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဆန်နှင့်ဆီများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများနှင့် လှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)