ပုဗ္ဗသီရိ ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အ.ထ.က(၃)ရွာတော်၌ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲနှင့် အစာ(၃) အုပ်စု၊ အသုပ်စုံပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်၊ ပုဗ္ဗသီရိမြို့နယ် ကုတင်(၅၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ့်သိမ့်ထွေး၊ အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွမ်ခမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေး၊ ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ထက်မြက်လွင်တို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲ အစာ(၃)အုပ်စု၊ အသုတ်စုံပြိုင်ပွဲ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ ကဏ္ဍအလိုက် ယှဉ်ပြိုင်မှုများကို ဒိုင်နှင့် ကြီးကြပ်သူများအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲဆောင်ရွက်ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)