တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု

ကော့သောင်း ‌ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ  ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့ အောင်သုခရပ်ကွက်ရှိ ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးသစ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှု၍  အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။  ယင်းနောက် ခရိုင်နှင့် မြို့နယ်တရားရုံးသစ် ဖွင့်လှစ်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားသို့ သွားရောက်၍ ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့မှုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ကော့သောင်းမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ဆိပ်ကမ်းအရာရှိမှ တော်ဝင်ဆိပ်ခံတံတား ပျက်စီးယိုယွင်းမှုအခြေအနေများ၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်နှင့် (၂‌၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း အကြီးစား ပြုပြင်မွမ်းမံ‌ဆောင်ရွက်မည့် လုပ်ငန်းအ‌ခြေအနေများနှင့်  ဒီဇိုင်းပုံစံများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားပြင်ဆင်ရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးနှင့် ရေချိုရရှိရေး လုပ်ငန်းကိစ္စများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)