တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကော့သောင်းမြို့ စိုက်ပျိုး‌မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ယူနေမှုအား ကြည့်ရှုအားပေး

ကော့သောင်း ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသော စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ ယင်းနောက် ကျောင်းဝင်းအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု၍ စိုက်ပျိုးမွေးမြူရေး‌ကျောင်းမှ ဆရာ၊ဆရာမများနှင့်တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)