ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

ကွန်ဟိန်း ဩဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ ကိုကိုလင်း(အမေ့အိမ်)ရေးသားထားသည့် “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး “လူကြီးတွေက စပြင်ပါ”ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် စာဖတ်ဝိုင်းတွင် စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက “စာကိုလည်းသင်၊ စိတ်လည်းပြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မမေသက်ထားဦးက “ဘဝထဲက ပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မအိန္ဒြာကျော်ဆင့်က “သင်ယူခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)