သရက်ချောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က မြန်မာ့တိုင်းရင်းဆေးပညာနှင့် တုပ်ကွေးရောဂါ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တုပ်ကွေးရောဂါအကြောင်း၊ တုပ်ကွေးရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း၊ တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ဆောင်ရန်၊ ရှောင်ရန်များအကြောင်း၊ တုပ်ကွေးရောဂါဖြစ်ပွားလာပါက လိုက်နာကျင့်သုံးရမည့် ဆောင်ရန်၊ ရှောင်ရန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများသိသင့် သိထိုက်သည့် မြန်မာ့တိုင်းရင်းဆေးပညာများအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် မြန်မာ့တိုင်းရင်းဆေးပညာနှင့် တုပ်ကွေးရောဂါအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လက်တွေ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)