သံတောင်ကြီးမြို့၌ နယ်လှည့်စာကြည့်တိုက်အစီအစဉ်ဖြင့် ကြာသပတေးနေ့တိုင်း စာအုပ်များငှားရမ်းပေးမည်

သံတောင်ကြီး ဩဂုတ် ၁၄

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်၉နာရီက နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ   ကျောင်းသူကျောင်းသားများအား  စာအုပ်စာစောင်များငှားရမ်းပေးခြင်းဖြင့်  အသိပညာဗဟုသုတများတိုးပွားစေရန်၊   စာဖတ်ခြင်း  အကျိုးကျေးဇူးများ သိရှိစေရန်၊   စာဖတ်ခြင်းဖြင့် အကောင်းအဆိုးအမှားအမှန်ကို   ဝေဖန်ပိုင်းခြားနိုင်သောသူများဖြစ်စေရန်၊  စာပေ၏ တန်ဖိုးကိုသိရှိစေရန်၊  အားလပ်ချိန်ကိုတန်ဖိုးရှိစွာ  အသုံးပြုတတ်စေရန်အတွက်  သုတစာအုပ်၊ ဝတ္တု၊  ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြစသည့် စာအုပ်များစုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပတ်စဉ်ကြာသပတေးနေ့တွင် သွားရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်းသိရသည်။

စောမင်းသား