ဘုတ်ပြင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကဗျာလွတ်အက ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက် က ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ယနေ့ကျင်းပသည့် ကဗျာလွတ်ပြိုင်ပွဲသည် လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့်နက်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အစစ်မှန်ဖြစ်၍ မြန်မာ့သုခုမအနုပညာ၏ အခြေခံအကျဆုံးသာ ကိုယ်ပိုင်မြန်မာ့မူ၊ မြန်မာ့ဟန်နဲ့ မြန်မာ့မာန်အပြည့်အဝပါဝင်သည့်ပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအားလုံး အနေဖြင့် မိမိတို့တတ်ကျွမ်းထားသော အနုပညာကို စစ်မှန်သော ပင်ကိုယ်အရည်အချင်းများနှင့် ပါဝင်ယှဉ်ပြိုင်၍ အောင်မြင်မှုများ ရရှိရေးအစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြပါစေလို့ကြောင်း ပြောကြားသည်။
ပြိုင်ပွဲသို့ ခရိုင်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူးများက မြန်မာ့အက/အခြေခံကဗျာလွတ်အက အခြေခံပညာ အသက် (၁၀ နှစ်)ပြည့်မှ (၁၅နှစ်) အတွင်း ပြိုင်ပွဲဝင် အသင်း(၆)သင်း၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၆ဦး ပါဝင်ယှဉ်ပြိုင်မှုများနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုဖျော်ဖြေကြသည်။
ပြိုင်ပွဲအပြီးတွင်ဆုရရှိသည့် ပြိုင်ပွဲဝင်းအသင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ယခုပြိုင်ပွဲ၌ ပြိုင်ပွဲအသင်းများမှ နိုင်ငံတော်အဆင့် ကျင်းပမည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တိုင်းဒေသကြီး ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ထူးချွန်သည့် အကအဖွဲ့ဝင်(၁၈)ဦး ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)