တနင်္သာရီတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဖူဆယ်အားကစားအဖွဲ့အားတွေ့ဆုံ

ထားဝယ်     ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်သည်တိုင်းဒေသကြီးဖူဆယ်အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ယနေမွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဖူဆယ်အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးကိုယ်စားပြုယှဉ်ပြိုင်ရမည်ာဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးသို့သွားရောက်ယှဉ်ပြိုင်ရာတွင်အနိုင်မခံ၊အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း၊ အားကစားသမားများတွင် ခံနိုင်ရည်(သက်လုံ/ဇွဲ)၊ အမြန်နှုန်း၊ ခွန်အား၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ဓာတ်ကြံခိုင်မှု၊ သည်းခံနိုင်မှု၊စည်းလုံးညီညွတ်မှုစသည့် အခြေခံကောင်းများကိုအစွမ်းကုန်ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌက ဖူဆယ်အားကစားအဖွဲ့အား ပြိုင်ပွဲဝင်ဝတ်စုံနှင့် ချီးမြှင့်ငွေ ကျပ် ၇၀၀၀၀၀ ကို ပေးအပ်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)