မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်း ပေးအပ်

မှော်ဘီ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်တို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအုပ်စုများမှ ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်ဦးဆောင်၍ ရပ်ကွက်များအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်လလျှင်ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လအတွက် တစ်ဦးလျှင်ခြောက်သောင်းနှုန်းဖြင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မှော်ဘီမြို့နယ် မြို့ချောင်းကျေးရွာ၊ နှောကုန်းကျေးရွာ၊ ဘန့်ဘွေကုန်းကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ လှည်းငုတ်ချောင်းကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာတို့ရှိ နေထိုင်ကြသော ယာယီနေရပ်စွန့်ခွာပြည်သူ လူဦးရေ(၅၈၃)ဦးအတွက် အိမ်ထောင်စုများလက်ဝယ်အရောက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၄)အဖွဲ့တို့က ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)