ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပ

ဒဂုံ ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဒေါက်တာကျော်စိန် ၎င်းရေးသားသော "လူငယ်လမ်းညွန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် () နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ Grade 8 မှ မောင်နေမျိုးဇော်မှ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ကို ဖတ်ကြားခဲ့သည်။ Grade 6 မှ မသွင်ရှင်းထက်က လူငယ်နှင့်အပေါင်းအသင်းခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့သည်။ ဆက်လက်၍ Grade 6 မှ မလှနှင်းဝေက "လူငယ်နှင့်ပညာ" ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။ ကျောင်းသားကျောင်းသူများ ဆွေးနွေးမှုကို ဒေါ်လဲ့လဲ့အေး (ဦးစီးအရာရှိ) က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းသို့ လာရောက်သော ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များ၊ ခင်းကျင်းပြသထားသော စာအုပ်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြသည်။

ထို့ကြောင့် လူငယ်များ ဗလငါးတန်နှင့် ပြည်စုံပြီး ဘက်ပေါင်းစုံမှ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် စာပေကိုချစ်မြတ်နိုးပြီး လေ့လာတန်ဖိုးထားတတ်သောသူများဖြစ်စေရန် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်များအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဉ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)