ရွှေပြည်သာ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန အရှေ့ပိုင်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးပါဝင်သော နယ်လှည့်ကုသရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကျန်းမာရေးဆေးကုသဆောင်ရွက်ပေးကြောင်း သိရသည်။
ကုသရေးအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းသန်းနှင့် ဆရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်း ပြည်သူဆေးရုံကြီးမှ ဒေါက်တာသူရနှင့် သမားတော်ကြီးများ၊ ခွဲစိပ်ကုသမှုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရိုး၊ ကြောဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ သားဖွားနှင်မီးယပ်ဆရာဝန်၊ ဓာတ်မှန်ဆရာဝန်များ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဆရာဝန်များပါဝင်သော ဆရာဝန်များအဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများအား အခမဲ့ကွင်းဆင်းကုသပေးခဲ့သည်။
ကွင်းဆင်းဆေးကုသပေးရာတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွှေပြည်သာမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)