ညောင်ရွှေ ဩဂုတ် ၁၃
ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်စေရန်နှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်အတွက် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပုလဲခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က သာဘဝပတ်ဝန်းကျင်နှင့် ပလက်စတစ်အန္တရာယ်အကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ အဖြေမှန်ရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဟောပြောပွဲဆောင်ရွက်နေစဉ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက ဆရာ၊ ဆရာမများနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလုပ်ငန်းစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံအတွင်း မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်ခေါင်းစဉ်ဖြင့် ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ